Poem

Poem

ကဗျာကဏ္ဍ “ဗီဇ”

 

ပျိုးကြဲလက်

 

ပန်း၏ဗီဇ

ရနံ့ထုံသင်း ၊ လှပခြင်းနှင့်

ရောင်ဆင်းစုံစွာ ၊ ဓမ္မတာ ။

 

ပန်း၏မူလ

ဗီဇကွေကွင်း ၊ ရနံ့ကင်းလျှင်

ပန်း၏မူလ

ဗီဇပျက်ယွင်း ၊ အလှကင်းလျှင်

ပန်း၏မူလ

ဗီဇညံ့ဖျင်း ၊ မသန့်ရှင်းလျှင်

ပန်းခင်းထဲဝယ် ၊ ကြွေခဲ့ကွယ် ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာ ကဏ္ဍ “ညအပျက်တွေလွန်သွားတဲ့အခါ”   ခွန်းနီ (ပခုက္ကူ) ဘဝဆိုတာ ဒီလိုပဲကွလို့ဆိုပြီး ဟိုလိုလို ဒီလိုလို လူတွေ သားအများကြီးတွေ့ခဲ့ရတယ် အမေ။ ဘဝကိုအဖြေရှာရမှာလား ဘဝကအ​ဖြေကိုရှာပေးတာလား သေတဲ့အထိတစ်ခုခုကိုရှာသွားရမယ်ထင်တယ်။ ကောင်းနိုးရာရာတွေနဲ့ဘဝကိုဖျော်ကြည့်တော့ စီးကျလာတဲ့အပျော်တွေဟာ ကျွန်တော်နဲ့ဝေးရာမှာ အမြှုပ်တစီစီနဲ့ပါ အမေရာ။ အဲ့ဒီလောက်တောင်မပျော်ရတော့တဲ့ခေတ်ကို ကျွန်တော်တို့ဟာဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ တေ့တေ့ဆိုင်ဆိုင်အသဲနာခဲ့...