Poem

Poem

ကဗျာကဏ္ဍ “ပြည်တင်းတဲ့နွေ”

 

ပျိုးကြဲလက်

 

နွေအကူး ရွှေလက်ပန်ဖူး ပြန်တော့

အာဏာရူးတို့ အမှောင်ဖုံးပြီ ။

 

မြန်မာရေ အားတင်းကွယ့်

မိုးလင်းတော့မည် ။

 

သပြေခက်နဲ့ လက်တွဲညီ

လျှောက်လှမ်းချီ တစ်ပြည်လုံး ။

 

တစ်ပွင့်ကြွေရင် တစ်တောလုံးဝေသမို့

ခြွေသူကျရှုံး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...