Poem

Poem

ကဗျာကဏ္ဍ “တော်လှန်သင်္ကြန်”

 

ပျိုးကြဲလက်

 

နေတရာ ရင်မှာကဲသမို့

ရေမပါဘဲ ကျင်းပဟန် ။

 

မြန်မာ့ရိုးရာ အတာကူး

ထူးတဲ့သင်္ကြန် ။

 

ကိုယ်ချင်းစာမကွယ့် နွေဂိမာန်

တော်လှန်သင်္ကြန် မပျော်နဲ့ ။

 

ပြည်သူ့မျက်နှာ ရောင်စဉ်လက်မှ

ရေပက်ပါကွယ့် ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၅၁ မိနစ်

Thanlwin Myanmr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ဆုတောင်း”

ကဗျာကဏ္ဍ “ဆုတောင်း”

ခွန်းနီ(ပခုက္ကူ)   သွပ်နဲ့ပဲမိုးမိုး ဖက်နဲ့ပဲမိုးမိုး အချစ်တွေ သာတိုးပါစေ။ အုပ်နဲ့ပဲကာကာ ဝါးထရံနဲ့ပဲကာကာ ချမ်းမြေ့စရာတွေပဲလာပါစေ။ ခြံအကျယ်ကြီးမှာပဲဆောက်ဆောက် မြေကွပ်အကျဥ်းမှာပဲဆောက်ဆောက် မေတ္တာတရားသာလောက်ငှပါစေ။ ပုဇွန်ထုပ်နဲ့စားစား လက်ဖက်သုပ်နဲ့စားစား သဒ္ဒါတရားသာပွားများပါစေ။ မွေ့ယာနဲ့ပဲအိပ်အိပ် ဖျာကြမ်းနဲ့ပဲအိပ်အိပ် စိတ်လက်ချမ်းသာအိပ်နိုင်စေ။ လှိုင်းကြမ်း လေကြမ်း ခရီးကြမ်းမှာ အမှန်တရားသာနိုင်ပါစေ။ မရိုးဖြောင့်သူ လူဆိုးလူညစ် ကျူပင်ရစ်လျှင်...