Poem

Poem

အတ္တမာန ခဝါချ

 

ပျိုးကြဲလက်

 

ဝါးပင်တစ်သီး ၊ ဝါးသီးသီးက

ဝါးသီးအကြွေ ၊ ဝါးပင်သေ၏ ။

 

ပေပင်တစ်သီး ၊ ပေသီးသီးက

ပေသီးအကြွေ ၊ ပေပင်သေ၏ ။

 

ငှက်ပျောပင်လည်း ၊ ငှက်ပျောသီးက

အသီးမှည့်ကြွေ ၊ အပင်သေ၏ ။

 

ထိုနည်းတူစွ ၊ လူ့ဘဝဝယ်

အတ္တအမြစ် ၊ နွံမှာနစ်၍

ဟစ်ကြွေးငါကွ ၊ မာန်မချဘဲ

အာဏာ့ရှင်ကြီး ၊ မာနသီးက

ပညာ့ရှင်ကြီး ၊ မာနသီးက

ဓနရှင်ကြီး ၊ မာနသီးက

ရွှေထီးဆောင်းစေ ၊ ဘဝသေမည်

မှတ်လေသားတို့ ၊ သမီးတို့တာ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက် ည ၈ နာရီ ၁၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ဆုတောင်း”

ကဗျာကဏ္ဍ “ဆုတောင်း”

ခွန်းနီ(ပခုက္ကူ) သွပ်နဲ့ပဲမိုးမိုး ဖက်နဲ့ပဲမိုးမိုး အချစ်တွေ သာတိုးပါစေ။ အုပ်နဲ့ပဲကာကာ ဝါးထရံနဲ့ပဲကာကာ ချမ်းမြေ့စရာတွေပဲလာပါစေ။ ခြံအကျယ်ကြီးမှာပဲဆောက်ဆောက် မြေကွပ်အကျဥ်းမှာပဲဆောက်ဆောက် မေတ္တာတရားသာလောက်ငှပါစေ။ ပုဇွန်ထုပ်နဲ့စားစား လက်ဖက်သုပ်နဲ့စားစား သဒ္ဒါတရားသာပွားများပါစေ။ မွေ့ယာနဲ့ပဲအိပ်အိပ် ဖျာကြမ်းနဲ့ပဲအိပ်အိပ် စိတ်လက်ချမ်းသာအိပ်နိုင်စေ။ လှိုင်းကြမ်း လေကြမ်း ခရီးကြမ်းမှာ အမှန်တရားသာနိုင်ပါစေ။ မရိုးဖြောင့်သူ လူဆိုးလူညစ် ကျူပင်ရစ်လျှင် မကျန်နိုင်အောင်...