Poem

Poem

ကဗျာကဏ္ဍ “ပြည့်ဂုဏ်”

 

ပျိုးကြဲလက်

 

နွေ၏ရင်ခွင် ၊ မြူမင်းလွင်တို့

ခိုဝင်လာမြဲ ၊ မှိုင်းမှုံဆဲ ။

 

မိုး၏ရင်ခွင် ၊ တိမ်ရိပ်ဆင်၍

တိုးဝင်လာမြဲ ၊ မဲမှောင်ဆဲ ။

 

ဆောင်း၏ရင်ခွင် ၊ နှင်းမှုံလွင်နှင့်

ရှစ်ခွင်အမြဲ ၊ သိုင်းခြုံဆဲ ။

 

နွေမိုးဆောင်းလျှင် ၊ ပြည့်ရင်ခွင်ဝယ်

ဖြူစင်ရိုးသား ၊ ပြည်ထောင်ဘွားတို့

ထွန်းကားစေသား ၊ ထွန်းစေသား ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် ည ၉ နာရီ ၄၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...