Poem

Poem

ကဗျာကဏ္ဍ “ဖက်ဒရယ်သွေး”

 

ပျိုးကြဲလက်

 

ဖက်ဒရယ်သွေးပေမို့

မျှော်တွေးပေါ့ ကိုယ်စီ

မိုးသောက်ရောင်နီ

ရွှေပြည်မှာ အတည်လွှမ်းအောင်ပ

လှမ်းခဲ့တဲ့ လမ်းတခွင်မှာ

အရမ်းပင် နွမ်းလျဘိတယ်လေး ။

 

လာစမ်းကွယ့်ဘယာ

ကပ်ရောဂါ မုန်တိုင်းဆိုးရယ်နဲ့

ရေတိုးလို့ ဆည်လျှံ

ငလျင်ဒဏ် ကြံ့ကြံ့ခံပါလို့

အိမ်အပြန် စခန်းတထောက်မှာလ

ဗုံးအမြောက်တို့ အန္တရာယ်

ကြောက်အားငယ် သွေဖီ

လူညီညီရင်ဆိုင်တက်လို့

အကြမ်းဖက်တဲ့ ပြည့်သူပုန်ကို

ချေမှုန်းပုံ သာချင်ဇောရယ်က

ကမ္ဘာတခွင်မှာ မနောဘဝင်မြူးရအောင်

ချီးကျူးတယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက် ညနေ ၅ နာရီ ၂၀ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...