Poem

Poem

ကဗျာကဏ္ဍ “ရောင်စုံအလှ”

 

ပျိုးကြဲလက်

 

ငွေသော်တာ လရထားနဲ့

တိမ်သားနု နှစ်ပါးဆိုင် ။

 

မာနတွေ ကိုယ်စီတက်လို့

တုလှဖက်ပြိုင် ။

 

ဘယ်သူသာ၍ လှပါနိုင်

နှစ်ပါးဆိုင်မှ နိုင်စတမ်း ။

 

တိမ်လွှာမှာ လရောင်ဖောက်ရင်

လွမ်းလောက်ခမန်း ။

 

ဝသန်ခါ ဝါဆိုမိုးက

မြစ်ကျိုးအောင် ဖြိုင်ဖြိုင်ရွာ ။

 

ပုလဲမျက်ရည် တပေါက်မိုးနဲ့

အိုးမပြည့်ရာ ။

 

စုစည်းကြလို့ တမျိုးသာ

ရေကာတာပင် တိုက်ချိုး ။

 

အရာရာ ညီညွတ်အားက

ပွါးလို့ဆတိုး ။

 

ဝသုန္ဓရေ စုံကန်ရပ်တဲ့

ပုန်ကန်တပ်ရဲ့ မောင်မယ်တွေ ။

 

ဂုဏ်အာဏာ မာနတရားတို့

ပလွှားနဲ့လေ ။

 

ပေါင်းစုအားနဲ့ စည်းရုံးစေ

အောင်ပွဲမသွေ ရနေမြဲ ။

 

ပြည့်ဝန်ကို လူစုံထမ်းမှ

လမ်းဖြောင့်မှာပဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...