Poem

Poem

ကဗျာကဏ္ဍ “ရင်ထဲကသင်္ကြန်”

 

ပျိုးကြဲလက်

 

မြောက်ပြန်လေ အခါခါဝှေ့ပြီမို့

ယမ်းငွေ့တို့ တလူလူ ။

 

ပိတောက်ဝါ ရွှေရည်လူးလို့

ဖူးပွင့်ကြမူ ။

 

ဗုံးအမြောက်တို့ ခလို့ဆူ

မျက်ရည်ပူပူ စိုရွှဲ ။

 

ပိတောက်မှာ ယမ်းနံ့နှောတယ်

ရင်မောရဆဲ ။

 

နှစ်ကူးချိန် ခနော်ခနဲ့နှင့်

အပျော်မဲ့သကွယ့် တို့သင်္ကြန် ။

 

စိတ်စေရာ ကိုယ်လိုက်လို့

ဆိုးမိုက်ကြပြန် ။

 

လောကဓံတရား ကြံ့ကြံ့ခံ

ဖြောင့်မှန်ခဲ့ရင် မပျက်ဘူး ။

 

သင်္ကြန်ဆိုရင် တပြည်လုံး

ပြုံးလို့ရွှင်မြူး ။

 

သံသရာ မလွတ်သေးတော့

စိတ်အညစ်ကြေး စွဲပါစေ ။

စိတ်ကူးယဉ် အတာရေအေးနဲ့

ဆေးကြောစို့လေ ။

 

တော်လှန်လမ်းက ပြည်သူတွေ

ပျော်ရွင်ပါစေ ဆကဲ ။

 

လောကဓံ အောင်စေကြောင်းကို

တောင်းဆုခြွေမြဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အောင်ပြီ ဟေ့ အောင်ပြီ”   ပျိုးကြဲလက်   ကမ္ဘာမှာ စစ်ကျွန်ဘဝနဲ့ အောက်ကျတဲ့ ငါတို့ပြည် ။   စစ်နွံမှာ လုံ့လစိုက်လို့ တိုက်ထုတ်ခဲ့သည် ။   အောင်ပြီဟေ့ အောင်ပြီ မြန်မာပြည် ညီပါပေ့ ။   စစ်ကျွန်မခံ...