Poem

Poem

ကဗျာကဏ္ဍ “အမေ့လက်ရာ”

 

ပျိုးကြဲလက်

 

ဟင်းခါးရည် ပူပူလေးက

မွှေးပျံ့လို့ ရနံ့ကြွယ် ။

 

အမေ့လက်ရာ မုန့်ဟင်းခါး

ကျော်ကြားလှတယ် ။

 

ကြက်သွန်နီ ငှက်ပျောအူနု

အိုးဘဲဥနဲ့ ငါးငဖယ်

စားရင်တကယ် ဆွေမျိုးမေ့ ။

 

နံနံငရုတ် သံပရာနဲ့

ငံပြာရည် အကြော်စုံစွက်လို့

ရှက်ပြုံးတွေ ကိုယ်စီဖုံးအောင်

သုံးဆောင်ပါလေ့ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက် ညနေ ၃ နာရီ ၄၃ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...