Poem

Poem

ကဗျာကဏ္ဍ “အုပ်ကြီးဘဝ အနိစ္စ”

 

ပျိုးကြဲလက်

 

ငါကအုပ်ကြီး ၊ ထိန်ထိန်ညီးသည့်

စစ်မီးကိုသတ် ၊ ရန်ငါဖြတ်မည်

တတ်အားသမျှ ၊ ပူးပေါင်းကြလော့ ။

 

ငါ့ဆွေငါ့သား ၊ အပထား၍

ယောင်္ကျားမှန်လျှင် ၊ တပ်ထဲဝင်မှ

အားအင်ပိုက်ထွေး ၊ ရန်သူပြေးမည်

တွေးကြည့်ပါဘိ ၊ ပျော်ပါ၏ ။

 

ငါ့ပိုင်နက်မြေ ၊ လာ၍နေလျှင်

ဝေဖန်မဲ့ကင်း ၊ စောရမင်း၏

စိတ်ရင်းကိုသိ ၊ သည်းခံဘိ၍

ပိပိပြားပြားနေရမည် ။

 

ပုန်ကန်ထကြွ ၊ ထောင်လွှားကြလျှင်

ငါကတပ်ထံ ၊ ဖုန်းဆက်ပြန်၍

လမ်းမှန်ကိုပြ ၊ နှိမ်နင်းရမည်

အကြမ်းဖက်သူငါမကြောက် ။

 

မူးယစ်ဆေးဝါး ၊ လောင်းကစားနှင့်

ပျော်ပါးစေရာ ၊ ပြည့်တန်ဆာတို့

စိတ်ပါသမျှ ၊ စွဲသုံးကြလော့

အဘနှင့်ငါ ၊ ပြည့်အာဏာကို

လာလာမထိကြလေနှင့်။

 

တနေ့သ၌ ၊ အခွင့်ဆိုက်သော်

လူမိုက်အားပေး ၊ အုပ်ချုပ်ရေး၏

စည်းဝေးပွဲတော် ၊ မြို့သို့ခေါ်လျှင်

လူရှော်အုပ်ကြီး ၊ ပြင်ဆင်ပြီးက

အမြီးကုပ်ခါသွားလေ၏ ။

 

လမ်းခုလတ်တွင် ၊ လူရိပ်မြင်၍

ဘဝင်ထိတ်ဆဲ ၊ ဒိုင်းကနဲဖြင့်

ဆွဲလှဲသလို ၊ အုပ်ကြီးကိုယ်မှာ

မြေကိုနမ်းလျှက် ၊ အသက်ထွက်ပြီ

 ခြေလက်ဆတ်ဆတ်တုန်ခါဆဲ ။

 

မုဒိမ်းဓားပြ ၊ လူသတ်ရနှင့်

လာဘဆက်ကြေး ၊ ဘဝပေးသည့်

ဝမ်းရေးအလုပ် ၊ ပျော်ပျော်လုပ်၍

အုပ်ကြီးဘဝ ၊ ပျက်စီးရသည်

အနိစ္စဒုက္ခ ၊ အနတ္တပါတကား ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက် ညနေ ၄ နာရီ ၁၆ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...