Poem

Poem

ကဗျာကဏ္ဍ “အိမ်ကြက်”

 

ပျိုးကြဲလက်

 

ရာဇဝင် နင်ဖျက်ပေါ့

ပဏ္ဍာဆက် နယ်မြေ

ကညာသက် မပျက်စေတယ်

ဆက်ခဲ့ပေ အမြဲ ။

 

နန်းတွင်းရေး ပွေလီရာ

သွေဖီစွာ ကျင့်တဲ့အနဲ ။

 

ကြိတ်ကြံလို့ စစ်ခံရင်

ပြစ်ဒဏ်သာ မစဲ ။

 

ပုန်ကန်ရင် အမြဲပေါ့

လူလဲရ နန်းရံ ။

 

အချုပ်ခြာ ထိငြားက

ပိပြားအောင် တိုက်ကြရှေးဟန် ။

 

အိမ်ကြက်က ဖင်ခံရင်

တပါးခြံ ကြက်များက

ရင်ကော့သား ခေါင်းမော့လို

ကိုယ့်ခြံထဲကို ။

 

ဗျာဒိတ်ရ ဘုရင်ဆိုရင်

ဖင်ထိုထို ခံနဲ့ကွယ့်လေး ။

 

အိမ်ကြက်တို့ ဖင်ခံလိုရင်

ရိုက်သတ်ဆို စားစေကွယ့်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် နံနက် ၉ နာရီ ၅၈ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...