Poem

Poem

ကဗျာကဏ္ဍ “ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်”

 

ပျိုးကြဲလက်

 

ပြောချင်တယ် လှယမင်းကိုလ

မဲစာရင်း မသမာလို့

ပြည့်အာဏာ ခဏတာထိန်းရတယ်

တကယ်မသိမ်းပါဘု ယုံပါကွယ် ။

 

အမျိုးဘာသာ တို့သာသနာနဲ့

မြို့ရွာတခွင် လမ်းတွေပေါက်မဟဲ့

မြေအောက်မှာ ရထားကြီး

ပျော်ပျော်စီးမယ် ။

 

နည်းပညာ တစ်ခေတ်ပြောင်းလို့

မောင်းပါကွယ် လျှပ်စစ်ကား

သုံးနှစ်ခြားရင် စင်္ကာပူရယ်

တကယ်နှစ်ကယ် ကျော်မယ်လေး ။

 

ရွှေညာသူ လှယမင်းရယ်က

ချက်ချင်းကွယ် ကပိုကရိုနဲ့

ဟိုဒင်းကို ဟိုဒင်းကို

ဟိုဒင်းကို ကလိထိုးလို့

ကြင်စိုးရေ သည်းအူလှိုက်အောင်

ရယ်လိုက်ရသေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ည ၁၁ နာရီ ၅၀ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...