Poem

Poem

ကဗျာကဏ္ဍ “အောင်စစ်သည်”

 

ပျိုးကြဲလက်

 

လက်နက်စုံ အဖုံဖုံနဲ့

စုံနံ့သာမြိုင် ဂနိုင်စခန်းမှာလ

ဆန်းသစ်တီထွင် လေ့ကျင့်ပေးလို့

စစ်ရေးမှာတဲ့ သာရမယ် ။

 

အောင်လံတော် တလူလူနဲ့

ပြည်သူကို တကယ်ချစ်တာမို့

စစ်မြေမှာ ဇာနည်ဘွားရယ်က

ဝင့်ကြွားလှတယ် ။

 

စိတ်စေရာ ကိုယ်မလိုက်ပါဘု

စစ်တိုက်ရင် ပြည်သူကြည့်တာမို့

အမိမြေရဲ့ သားကောင်းကွယ်

လေးစားဖွယ် ဂုဏ်ထွား ။

 

ယုံကြည်ချက်ရယ် တကယ်ခိုင်ပါဘိ

တပ်ပိုင်နဲ့ တိုင်မပတ်တာက

ကျင့်ဝတ်ကို သူဆောင်လို့

မတထောင် တကောင်ဖွားတယ်

ကျားဆိုမှကျား ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီ ၂၈ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာ ကဏ္ဍ “ညအပျက်တွေလွန်သွားတဲ့အခါ”   ခွန်းနီ (ပခုက္ကူ) ဘဝဆိုတာ ဒီလိုပဲကွလို့ဆိုပြီး ဟိုလိုလို ဒီလိုလို လူတွေ သားအများကြီးတွေ့ခဲ့ရတယ် အမေ။ ဘဝကိုအဖြေရှာရမှာလား ဘဝကအ​ဖြေကိုရှာပေးတာလား သေတဲ့အထိတစ်ခုခုကိုရှာသွားရမယ်ထင်တယ်။ ကောင်းနိုးရာရာတွေနဲ့ဘဝကိုဖျော်ကြည့်တော့ စီးကျလာတဲ့အပျော်တွေဟာ ကျွန်တော်နဲ့ဝေးရာမှာ အမြှုပ်တစီစီနဲ့ပါ အမေရာ။ အဲ့ဒီလောက်တောင်မပျော်ရတော့တဲ့ခေတ်ကို ကျွန်တော်တို့ဟာဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ တေ့တေ့ဆိုင်ဆိုင်အသဲနာခဲ့...