Poem

Poem

ကဗျာ ကဏ္ဍ “ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်”

 

ပျိုးကြဲလက်

 

ပြောချင်တယ် လှယမင်းကိုလ

မဲစာရင်း မသမာလို့

ပြည့်အာဏာ ခဏတာထိန်းရတယ်

တကယ်မသိမ်းပါဘု ယုံပါကွယ် ။

 

အမျိုးဘာသာ တို့သာသနာနဲ့

မြို့ရွာတခွင် လမ်းတွေပေါက်မဟဲ့

မြေအောက်မှာ ရထားကြီးပျော်ပျော်စီးမယ် ။

 

နည်းပညာ တစ်ခေတ်ပြောင်းလို့

မောင်းပါကွယ် လျှပ်စစ်ကား

သုံးနှစ်ခြားရင် စင်္ကာပူရယ်

တကယ်နှစ်ကယ် ကျော်မယ်လေး… ။

 

ရွှေညာသူ လှယမင်းရယ်က

ချက်ချင်းကွယ် ကပိုကရိုနဲ့

ဟိုဒင်းကို ဟိုဒင်းကို

ဟိုဒင်းကို ကလိထိုးလို့

ကြင်စိုးရေ သည်းအူလှိုက်အောင်

ရယ်လိုက်ရသေး… ။ ။

 

ပျိုးကြဲလက်

ရေးသားချိန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ည ၁၁ နာရီ မိနစ် ၅၀

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...