Poem

Poem

ကဗျာကဏ္ဍ “ဘဝမဲ့ငယ်ကျွန်”

 

ပျိုးကြဲလက်

 

ရဲမက်ဆို သေလမ်းမို့

ခွေနွမ်းလို့ ရှိမူ

စွေကန်းတို့ အကြံတူတယ်

အလံဖြူ ထောင်မြဲ ။

 

ငါ့ပိုင်နက် ဝေဟင်မယ်

လေယာဉ်ရယ် ဗုံးလိုက်လို့ကြဲ ။

 

ကျွန်မျိုးက သစ္စာကို

ပစ်ခွာလို ဖောက်ဆဲ ။

 

ပုန်ကန်ရင် ပေါက်ကွဲလို့

ခြောက်မြဲပေါ့ ငယ်ကျွန် ။

 

မိသားစု ချုပ်ထားက

အဟုတ်သား နစ်နိုင်တဲ့နွံ ။

 

နင့်တို့ရဲ့ ခန္ဓာ့ဝန်ကို

တမလွန် ဝေကြပေါ့

ငါနေရ ပျော်ပေကို

ကာကွယ်ကြဆို ။

 

ငါ့မယား မျက်နှာညိုရင်

ဆက်ခါပို စောင့်ရှောက်ကွယ့်လေး ။

 

ငါ့ရင်သွေး စေရာကိုကွယ်

သေရွာဆို ထမ်းစေကွယ်လေး ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အမှောင်ဆုံးကောင်းကင်မှာအလင်းဆုံးကြယ်တွေရှိတယ်”   ခွန်းနီ (ပခုက္ကူ) ရုတ်တရက်ဖြတ်ပြေးသွားတဲ့တိမ်တွေ အလျင်လိုနေတဲ့စိတ်ကူးယဥ် လှေကလေး ပင်လယ်ရဲ့အနားသတ်မှာ လှိုင်းထနေတဲ့တိမ်တွေ ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲပြေးပြေး အချစ်နဲ့သာထွေးခွင့်ရပါစေ။ နာကျဥ်ခဲ့ရတဲ့နှစ်တွေကိုဖယ်လိုက်ရင် ဘဝဟာဘာမှမကျန်တော့လောက်အောင် နုံ ခဲ့၊အ ခဲ့၊ လည်စင်းခံခဲ့ရပြီးပြီ ဒီလိုခေတ်ပျက်ထဲ ဒီလိုခေတ်ကျပ်ထဲ ငါတို့ဟာလှိုက်လှိုက်လှဲလှဲနဲ့ လူပီသခဲ့ကြတယ်။ ရှင်သန်ခြင်းဟာ နာကျဥ်ခြင်းတွေရဲ့ကြားမှာ...