Poem

Poem

ကဗျာကဏ္ဍ “ကံခေချိန်”

 

ပျိုးကြဲလက်

 

တပ်ဗိုလ်ပါ ထောင်ထုနဲ့

ခေါင်လုလို့ တွေးပျော်

နောင်တုဖို့ မပျက်နော်ကွယ်

ငါ့သက်တော် ရှည်ဘူး ။

 

အုပ်ချုပ်စို့ ညီကိုရယ်

ပြည်ထိုထို စစ်ဦးဘီလူး ။

 

လူစုလို့ ခုခံရင်

ထုနှံပြန် အထူး ။

 

ကချလာ ကျွန်ရူးတို့

နွံလူးမယ့် ကွက်ဖော် ။

 

ဥပဒေ မှိုင်းကြားက

ခိုင်းစားဖို့ တတ်နိုင်ပါ့နော် ။

 

ကျွန်စစ်က ယုံရသော်

ပုန်ထသော် ချက်ချင်းပါ့

ခုလက်ငင်း ဆိုသလို

စစ်ခင်းပါ့ကို ။

 

နေစင်းစင်း ဝင်ချိန်ဆိုရင်

ကျွန်ထိုထို စောင့်ကြည့်ကွယ့်လေး ။

 

ဖရဲခင်း ခပ်ချိုချိုလျှင်

ကျွန်တခို စိုက်နိုင်ငဲ့လေး ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...