Poem

Poem

ကဗျာ ကဏ္ဍ “ဆုံးမကြကွယ်ပြည့်ရန်စွယ်”

 

ပျိူးကြဲလက်

 

ဖရူဆိုမှာ ၊ စစ်ပြေးလာသည့်

ငါတို့ပြည်သူ ၊ သောကပူကို

လူလိုမတွေး ၊ ပြည့်စစ်ခွေးက

သွေးပျက်မတတ် ၊ မီးရှို့သတ်ပြီ

တတ်သိဉာဏ်ရှင် ၊ တပ်ပေါင်းဆင်၍

စစ်ပြင်ပါလော့ ၊ ချေမှုန်းလော့။

 

စစ်ကိုင်းမြို့မှာ ၊ တာတိုင်းရွာက

အညာမှာမွေး ၊ အညာ့သွေးကို

စစ်ခွေးလူယုတ် ၊ အမျိုးဖြုတ်၍

တိုက်ထုတ်ပါလော့ ၊ ချေမှုန်းလော့။

 

ပင်လောင်းမြို့မှာ ၊ နမ်းနိန်းရွာက

ဆရာတော်များ ၊ တိုင်းရင်းသားတို့

တရားရိပ်ခို ၊ သွေးစိမ်းစိုပြီ

ရန်လိုစစ်ခွေး ၊ ထွက်မပြေးခင်

အပြေးလိုက်ကာ ၊ ချေမှုန်းပါလော့။

 

တို့ပြည်တို့ရွာ ၊ တို့မြေယာ၌

ရန်ရှာစစ်ခွေး ၊ မုဒိမ်းသွေးက

အေးဓါးပြတိုက် ၊ လူသတ်လိုက်နှင့်

ကိုက်သေးသဗျို ၊ မိန်းမကိုယ်ကို

လူလိုမသိ ၊ ဥာဏ်နတ္ထိဖြင့်

သတ္တိနည်းပါး ၊ လူ့ငနွားတို့

ထားလျှင်ဆန်ကုန် ၊ မြေလေးတုံအံ့။

 

ညီနောင်စုံလင် ၊ တိုက်စစ်ဆင်၍

ပြည်ခွင်မရွေး ၊ ပြည့်သွေးကြွေးနှင့်

ဆွေးနွေးမထိုက် ၊ သည်သူမိုက်အား

တိုက်ခိုက်ချေမှုန်း ၊ လူညွန့်တုံးအောင်

ဆုံးမကြလော့ ၊ ဆုံးမလော့ ။ ။

 

ပျိုးကြဲလက်

 

ရေးသားချိန် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီ ၃၉ မိနစ်

Photo – ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း ဖမ်းဆီးရရှိသော ဖက်ဆစ်တပ်သားများ

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...