Poem

Poem

ကဗျာကဏ္ဍ “ပြည့်ချစ်ဆေး”

 

ပျိုးကြဲလက်

 

ဝတ်ဆင်ရာ သန့်ရှင်းကွယ့်

မပျင်းနဲ့ ဖွတ်လျှော် ။

 

တန်ဖိုးပင် ကြီးပါစ

မဲညှစ်လှသော် ။

 

ပွဲတက်ရာ မထင်ပေါ်

ရွံစရာနော် ဂုဏ်လျော့ ။

 

ဝတ်စုံမှာ အလှပျက်ရင်

လက်နှီးစုတ်ပေါ့ ။

 

လက်နှီးစုတ်ကို တန်ဖိုးထားလို့

လူအများက မဝတ်ပေ ။

 

စံပြုကာ ကိုယ်စီဘဝ

နည်းယူကြလေ ။

 

စိတ်ကောင်းနဲ့ တာဝန်ကျေ

လူတော်အထွေထွေ ဖြစ်စေသား ။

 

ကိုယ်နှင့်ဝန်းကျင် အလှပေါ်ဖို့

လျှော်ဖွတ်လို့ထား ။

 

အဝတ်အစားမှာ ကြေးထူထပ်က

ဆပ်ပြာနဲ့ ဖွတ်လျှော် ။

 

လူ့စိတ်ကို စာဖတ်ရင်း

သန့်ရှင်းကြသော် ။

 

သုတရသ ရလို့နော်

ဓမ္မလမ်းပေါ် ရောက်မြဲ ။

 

လျှောက်လေရာ ဘဝလမ်းမှာ

စွမ်းဆောင်ရည်ကဲ ။

 

ဌာနတွေ စောင့်ထိန်းကွယ့်

မယိမ်းနဲ့ ဖြောင့်နော် ။

 

ဝန်ထမ်းသူ တစ်ယောက်ယောက်

စည်းဖော်မိသော် ။

 

ဝိုင်းဝန်းလို့ အမှုဖော်

ခုံရုံးသို့ခေါ် အပြစ်ပေး ။

 

မွှေးရနံ့ ထုံထုံနဲ့

ဂုဏ်သိက္ခာ အသွင်သစ်တယ်

ပြည်ချစ်မယ့်ဆေး ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ည ၁၁ နာရီ ၅၁ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာ ကဏ္ဍ “ညအပျက်တွေလွန်သွားတဲ့အခါ”   ခွန်းနီ (ပခုက္ကူ) ဘဝဆိုတာ ဒီလိုပဲကွလို့ဆိုပြီး ဟိုလိုလို ဒီလိုလို လူတွေ သားအများကြီးတွေ့ခဲ့ရတယ် အမေ။ ဘဝကိုအဖြေရှာရမှာလား ဘဝကအ​ဖြေကိုရှာပေးတာလား သေတဲ့အထိတစ်ခုခုကိုရှာသွားရမယ်ထင်တယ်။ ကောင်းနိုးရာရာတွေနဲ့ဘဝကိုဖျော်ကြည့်တော့ စီးကျလာတဲ့အပျော်တွေဟာ ကျွန်တော်နဲ့ဝေးရာမှာ အမြှုပ်တစီစီနဲ့ပါ အမေရာ။ အဲ့ဒီလောက်တောင်မပျော်ရတော့တဲ့ခေတ်ကို ကျွန်တော်တို့ဟာဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ တေ့တေ့ဆိုင်ဆိုင်အသဲနာခဲ့...