Poem

Poem

ကဗျာကဏ္ဍ “ရာဇသတ်ကြီးပုဒ်မ – ၁၂၂ (၁)”

 

ပျိုးကြဲလက်

 

ဥပဒေ ဘက်တော်သားကွယ့်

မော်ကြွားတဲ့ ကိုလှရွှေ ။

 

သူပုန်တွေ အလိုကျ

ခစားလို့နေ ။

 

ဆိုနေကျ သစ္စာတွေ

စူးပါစေ့ မေ့ထား ။

 

သိက္ခာမှာ ရိက္ခာနှောလို့

မျှောတဲ့လူစား ။

 

လူဆိုးဆို ချိုနဲ့လား

လာထားကွယ့် မကြောက်ပေါင် ။

 

အမှုတွေ ဗြောင်ကျကျ

ကျူးလွန်ပါ့မောင် ။

 

ကိုလှရွှေက တာဝန်ရှောင်

မဖမ်းပေါင် အစဉ်မြဲ ။

 

တရားခံ လူမိုက်ထုနဲ့

ဝေစုကိုခွဲ ။

 

လူကောင်းကို အသွင်ဆန်းနဲ့

ဝင်ဖမ်းလို့ ငွေတောင်းပြန် ။

 

ပြည်သူ့ဝန် နိုင်ရာထမ်းက

ထောင်နန်းမှာစံ ။

 

အာဏာလုတဲ့ ဖြစ်ရပ်မှန်

စစ်ကျွန်ခံ ထောက်လှမ်း ။

 

နိုင်ငံတော် ပုန်ကန်မှုကို

ဥပဒေ နည်းလမ်းကျအောင်

မင်းရအောင်ဖမ်း ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၂ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...