Poem

Poem

ကဗျာကဏ္ဍ “ဝဋ်ကြွေး” (ရုပ်သံ)

 

ပျိုးကြဲလက်

 

ဘဝအရှင် ၊ သူ့သခင်သည်

ဂုဏ်အင်ကြွယ်ဝ ၊ နှလုံးလှသည့်

ဓနရှင်ပင်ဖြစ်ပါစေ ။

 

ဘုရားတရား၊ သံဃာ့အားကို

ဝတ်တွားရိုကျိုး ၊ လက်စုံမိုးသည့်

လူရိုးလူကောင်းဖြစ်ပါစေ ။

 

ပျားဖွတ်သားထိုး ၊ မယားခိုး၍

လူဆိုးလူယုတ် ၊ သန္ဓေပုတ်သည့်

အနုပ်စုတ် ဂုတ်စုတ်ဖြစ်ပါစေ ။

 

ရိုက်နှက်သည့်ဒဏ် ၊ အံကြိတ်ခံ၍

မာန်စွယ်ရိုကျိုး ၊ သခင်ဆိုးကို

အငြိုးမရှိ ၊ နာခံဘိ ။

သခင်ရှူးတိုက် ၊ အပြေးကိုက်၍

စိတ်လိုက်မာန်ပါ ၊ ဝတ်ကျေရှာသည်

သူ့မှာခွေးမျိုး ၊ အဖြစ်ဆိုး၏ ။

 

အမှားအမှန် ၊ ဤနှစ်တန်ကို

ဝေဖန်ပိုင်းခြား ၊ မသိငြားဘဲ

ဂုတ်ကျားဖောင်ဖျက် ၊ မိုက်တွင်းနက်၍

ရှင်လျက်ဘဝ ၊ သေခဲ့ရပြီ

ဒုက္ခဝဋ်ကြွေး ၊ မသေးပါတကား ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်အစောပိုင်း ၁ နာရီ ၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ် ၊ သာစည်ကျေးရွာအနောက်ဘက်ရှိ...