Poem

Poem

ကဗျာကဏ္ဍ “မသေလမ်း”

 

ပျိုးကြဲလက်

 

မသေခင် ဝေစမ်းကွယ့်

ကြွေနွမ်းမယ့် မောင်ရယ်

သေလမ်းနဲ့ ဘေးတွေ့တယ်ကွယ်

ပြေးစေမယ့် ထပ်လောင်း ။

 

ရှမ်းမြောက်နဲ့ ရခိုင်တွင်

မနိုင်လျှင် ပြေးတဲ့တပ်ပေါင်း ။

 

စစ်ကိုင်းက စစ်ပြင်ရင်

ကချင်တွင် စစ်ထောင်း ။

 

ကရင်မှာ စစ်တောင်းလို့

စစ်ကြောင်းလိုက် ပြုတ်သော် ။

 

ကရင်နီ ချင်းများက

ရှင်းထားပေါ့ အလံဖြူနော် ။

 

မန်းသားက စစ်သွေးကျော်

မကွေးပျော် တိုက်ဆဲ ။

 

နင်မိုက်မဲ ခုခံမှု

သေလိုက်မယ့်လူ ။

 

ပြေးကြကွယ့် နားမထူလျှင်

အလံဖြူပြပါကွယ့်လေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ည ၁၂ နာရီ ၄၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...