Poem

Poem

ကဗျာကဏ္ဍ “ခိုးထုပ် ခိုးထည်”

 

ပျိုးကြဲလက်

 

ပြည့်အာဏာ ပုန်ကန်ထလို့

လက်နက်ပြ သိမ်းယူ ။

 

အာဏာ့ရှင် အမွေမဟုတ်

ခိုးထုတ်တော့ဆူ ။

 

ခဏပန်း တလူလူ

ကြာလျှင် ပူလောင်မြိုက်။

 

ကမ္ဘာမြေ ဘယ်သို့ပြေးစေ

သေဘေးကပ်ဆိုက်။

 

စစ်တိုင်းဆို ဂျိုနဲ့လား

ညီဘွားတို့ ကြောက်ဖူးကွယ် ။

 

ရွှေမြေမှာ ပြည့်အင်အားက

ဓားထက်လှတယ် ။

 

တယောက်တစ်လက် ဖေးမမယ်

တိုက်လို့တကယ် မြို့သိမ်း ။

 

ပြည်သူတွေ ကိုယ်စီထလို့

နန်းချမယ့်ကိန်း ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီ ၂၁ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...