Poem

Poem

ကဗျာကဏ္ဍ “အလံဖြူမှတပါးအခြားမရှိ”

 

ပျိုးကြဲလက်

 

ကံဇာတာ ဂြိုဟ်စီးသမို့

စစ်မီးတို့ ဝိုင်းလေပြီ ။

 

တော်လှန်သူ တကယ်ကြိတ်က

ရဲစိတ်သွေဖည် ။

 

တချိန်က စစ်သွေးနီ

မျိုးသာကီ ဝင့်ကြွား ။

 

ပြုသမျှကံ အလှည့်ကျတယ်

ဝဋ်တွေကခါး ။

 

ပြည်သူကို ကျွန်ပြုလို့

လူတစ်စု စားကွက်ဖော် ။

 

အရိုးရင်းမျှော် လူ့ငနွားက

ခါးနာလှနော် ။

 

ရှေ့တန်းမှာ စစ်ကူမျှော်

ရိက္ခာနော် မလာဘူး ။

 

လေးလွတ်ရာ အိပ်စားကာမနဲ့

အဘတို့မြူး ။

 

ရဲဘော်ဘဝ စဉ်းစားကွယ့်

ခြင်းကြားနဲ့ နင်းပြားသာ ။

 

သေပြန်ရင် ကိုယ့်ရင်သွေးက

ပထွေးလက်မှာ ။

 

မိသားစု ပျော်စရာ

ချင့်ချိန်ကာ ဆုံးဖြတ်ကြ။

 

နားထူထူ ဥာဏ်ကူလို့

အလံဖြူပြ ။   ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...