Poem

Poem

ကဗျာကဏ္ဍ “ထွက်ရပ်လမ်း”

 

ပျိုးကြဲလက်

 

ရာဇဝင် သမိုင်းတခေတ်ရယ်က

ဘာမထင် အရိုင်းအညစ်တွေနဲ့

ဖွင့်လှစ်ပါ့ ပြည်တခွင်မှာဖြင့်

လေယာဉ်တွင် ဗုံးတင်ကာကြဲပါဘိ

ကျိန်ဆဲစရာ လူသတ်မုဒိမ်းကျင့်တဲ့ပြင်

ဆင့်ကဲကာ မြို့ရွာအစုံမီးမြိုက်လို့

ပြည်ခိုက်ပါပေါ့ လူမုန်းကောင်။

 

ဖရဲခေါ် သတင်းပေးတွေက

အသည်းကျော် လမင်းလေးရယ်လို့

သတင်းမွှေးသမို့ စစ်သွေးရယ်ပြောင်ပါဘိ

ဘယ်ခေါင်းဆောင် လူသိမ်ဖျင်းတွေက

ဘယ်ကောင်းအောင် သူနှိမ်နင်းရင်းဖြင့်

စိတ်ရင်းနဲ့ ပေးတဲ့အကြံရယ်က

ပြည်သူ့ထံ လက်နက်ချလို့

အလံဖြူထောင် ။

 

လက်နက်ကြီးငယ် အသွယ်သွယ်နဲ့

ပက်လက်ကြီးရယ် မကယ်နိုင်ပြီမို့

လူလည်တွေ ညာချသမျှ

မအူမလည်သေ မသာမလှတဲ့ပြင်

ကြင်ယာမှာ နေစရာပျောက်ရချည့်

မဲပေါက်ကာ နှစ်သီးးစားလိုက

ရက်လမခြား သုံးသီးကို မျှော်ရလိမ့်

မောင်မောင်ခေါ်က အလံဖြူဆောင်

မယောင်မလည်နော် ချိုသွေး

အကောင်အထည်ဖော် ကြိုတွေး ။

 

ရွှေတပ်တော် အသွင်ပျောက်ပြီမို့

အသေထပ်သော် ဘဝင်ခြောက်ပါဘိ

သခင်ငေါက်လာ ကြိတ်ကာဆဲပါလို့

စိတ်မပါဘဲ လက်နက်ကိုင်ရင်ဖြင့်

အတိတ်ကမ္ဘာထဲ ရက်ဆက်မှိုင်သလိုပ

နိုင်ငံအတွက် အဖြေကောင်းထွက်စေဖို့

လက်နက်ချကာ ပြည်သူ့ဘက်ကိုလ

ချိတ်ဆက်လို့ပြေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ် ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “တော်လှန်ရေး၏လုံခြုံရေး”   ပျိုးကြဲလက်   တော်လှန်ရာ ဒေသခြားက သတိထား စောင့်စည်းပါ ။   သူ့လိပ်စာ သူ့နေရပ်ကို မစပ်စုရာ ။   တဦးချင်း လုံခြုံစွာ ရှိမှသာ တော်လှန်ရေး ။   နယ်ပါယ်စုံ လုံခြုံရမယ် မှတ်ကြကွယ်လေး...