Poem

Poem

ကဗျာကဏ္ဍ “အပေါစား စစ်ခေါင်းဆောင်”

 

ပျိုးကြဲလက်

 

လောဘဝင် ဗွေဖောက်လို့

ပြည်ဖျောက်မယ့် ဖြစ်အင်

စည်ပေါက်ပေါ့ တိုင်းတခွင်မှာ

မှိုင်းသခင် ရှုဦး ။

 

အိပ်မက်ထဲ ဝင်းပြောင်နိုင်တယ်

မင်းအောင်လှိုင် တကယ့်အရူး ။

 

နောက်လိုက်က မုသားဆောင်ရင်

သူနားယောင် သာကူး ။

 

လိုချင်တာ ရာထူးပေါ့

သာကူးတို့ တွေးပျော် ။

 

လာဘ်စားကာ ပျက်စီးလို့

ဖျက်ဆီးဖို့ အတွေးကချော် ။

 

ရှေ့ဆောင်နွား ကောက်ကွေ့သော်

နောက်လိုက်နော် ဖြောင့်ဘူး

ကံတော်ရူး ဉာဏ်ရည်ချာ

စိုင်ကော်ခဲ့တာ ။

 

အိမ်နီးချင်း နိုင်ငံမှာလျှင်

နယ်ချဲ့ကာ ရန်စပေါ့လေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နံနက် ၄ နာရီ ၂၄ မိနစ်

 

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ) အိမ်လေးတစ်အိမ် ရှိတယ် ဒါပေမဲ့ တိမ်တွေကြားမှာ အိမ်ဟာ ငြိမ်သက်နေပြီး ကျွန်တော်ဟာ မျောလွင့်လို့ အစီစဥ်တကျမရှိတဲ့ နေ့တွေကို စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။ အချစ်ကိုဘဝ ထင်ပြီး မိုက်မဲခဲ့ဖူး သလို အခုစစ်ကို ဘဝထင်နေရ မိုက်မိုက်မဲမဲ ချစ်နေရ ဒါပေမဲ့ အမေ...