Poem

Poem

ကဗျာကဏ္ဍ “တိုင်းတပါး အလိုတော်ရိ”

 

ပျိုးကြဲလက်

 

ပေါက်ဖော်နဲ့ ရုရှား

ခစားကွယ့် စာပေသင် ။

 

ထောက်ခံသူ ရွှေဉာဏ်တုံးကို

ဆုံးမပဲ့ပြင် ။

 

ရွေးကောက်ပွဲကြီး သူဆင်ယင်

ရာဇပလ္လင် အိပ်မက် ။

 

နယ်ချဲ့သူ ကူညီဝိုင်းလို့

တိုင်းပြည်ကိုဖျက် ။

 

ရုရှားကို အားကိုးလို့

ပေါက်ဖော်မျိုး ပူဇော် ။

 

ရွှေမြေကို အဆီစုပ်မယ့်

လူယုတ်တို့ပျော် ။

 

အသုံးချတော့ တပ်မတော်

ကောင်းစားသော် ဗိုလ်ချုပ် ။

 

စစ်သည်တော် ပြည်ချစ်က

ဖရဲသီးလုပ် ။

 

ပြည်ပကို အားကိုးတဲ့

ပုဆိန်ရိုး ဂွစာ ။

 

ပြည့်ထွက်ကုန် အစုံပေးလို့

မြော်တွေးနုံချာ ။

 

စစ်ရေးက ဗရချာ

လူထုမှာ နာသေး ။

 

လူ့ဂွစာ သရေယုတ်ကို

မောင်းထုတ်စို့လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီ ၅၆ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...