Poem

Poem

ကဗျာ ကဏ္ဍ “အိမ်နီးချင်းယုတ်”

 

ပျိုးကြဲလက်

 

ပေးကမ်းကာ ချီးမြှင့်ပါ့

ကိုယ်နဲ့ယှဉ်က တန်းတူ ။

 

သူ့စီးပွား ဆောင်ရွက်လို့

နှုတ်မြွက်ကြည်ဖြူ ။

 

သစ္စာမှန်က မိတ်ကောင်းဟူ

တရုပ်မူ ဟုတ်ဘူး ။

 

ပြည်သူကို သူမငဲ့တယ်

နယ်ချဲ့ဘီလူး ။

 

ဗမာပြည် အတွင်းရေး

သူပြေးလို့ စွက်ဖက်လို ။

 

ဘန်ဒေါင်းမြို့ မူငါးချက်

ဖောက်ဖျက်လို့ကို ။

 

နိုင်ငံ့စီးပွား မိတ်ဖက်ဆို

ပေါက်ဖော်ကို ရှောင်ရှား ။

 

တရုပ်ကုန် စုံမှိတ်လို့

သပိတ်မှောက်ထား ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက် နံနက် အစောပိုင်း ၁ နာရီ ၂၀ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...