Poem

Poem

ကဗျာကဏ္ဍ “ပြည်တန် ဖရဲ”

 

ပျိုးကြဲလက်

 

စစ်မြေမှာ အရေးကြီးတဲ့

ဖရဲသီး သတင်းဆို ။

 

တော်လှန်သူ ရင်ဘတ်ထဲ

စွဲမက်ဖွယ့်ကို ။

 

ပြည်သူ့အတွက် ချိုမှချို

အရသာပို ထူးကဲ ။

 

ပြည့်ချစ်သူ ဇာနည်ဘွားကို

အားထားလျှက်ပဲ ။

 

အာဏာ့ရှင် အာခံတုမယ့်

လူထုရဲ့ အချစ်တော် ။

 

ရန်သူ့နယ် အန္တရာယ်ကြားမှာ

စွန့်စားလို့နော် ။

 

ဘယာဝေးလို့ အေးစေသော်

စစ်ခွေးအခေါ် လွတ်စေသား ။

 

ပြည်ချစ်ရာ သတင်းကောင်းတယ်

သောင်းတိုင်ကကြား ။

 

ပြည်သူကို ရင်ဝယ်ထားတဲ့

စစ်သားက တာဝန်ကျေ ။

 

လူထုမှာ ထောက်ပံ့ပေးလို့

နွေးထွေးကြပေ ။

 

နှစ်ဦးနှစ်ဖက် မေတ္တာဝေ

ချစ်ရက်အထွေထွေ ရှည်ဆဲ ။

 

ထူးကဲစွာ အောင်လံခတယ်

ပြည်တန်ဖရဲ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ညနေ ၄ နာရီ ၁၁ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...