Poem

Poem

ကဗျာကဏ္ဍ “ဗန့်ကျီအောင်ပွဲ”

 

ပျိုးကြဲလက်

 

ရွှေညာမှာ အသွင်သစ်နဲ့

စစ်ရေးက ညီသကို ။

 

မဟာဗျူဟာ မြောက်ပါပေ့

ကြောက်ပါလေ့ဆို ။

 

စစ်ခွေးတပ် အလျှိုလျှို

ပြေးပါ့ကို ဟိုအဝေး ။

 

အလှည့်ကျ နွဲ့မရတယ်

ကြောက်ပါစလေး ။

 

ဗန့်ကျီနယ် မြို့သိမ်းသကွယ့်

မစိမ်းတဲ့ ပြည့်တပ်တော်။

 

အောင်စည်သံ ငြိမ့်ငြိမ့်ညောင်းနဲ့

‌ခွေးမောင်းလို့ကျော် ။

 

တိုးတိတ်တိတ် တိုက်ကွက်ဖော်

ပုလဲနော် ရန်ငြိမ်း ။

 

နဂါးတပ်တော် မဟာမိတ်ရယ်က

အောင်စိတ်နဲ့သိမ်း ။

 

ပျိူးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် ည ၁၀ နာရီ ၂၅ မိနစ်

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ကဗျာကဏ္ဍ “ကယ်ပါ ကယ်ပါ”

ခွန်းနီ (ပခုက္ကူ)   လေယာဥ်ပျံတွေ ဒရုန်းတွေနဲ့ ဗုံးတွေပဲ သယ်လို့ ရတာလား အပြုံးတွေ သယ်လာပြီး ကြဲချကြည့်လိုက် ကမ္ဘာဟာ ထင်ထားတာထက် ပိုလှနေမှာ။ စစ်တွေ မဖြစ်ဘဲ အချစ်တွေသာ စစ်နေခဲ့ရင် မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားဟာ စွယ်တော်ရွက်တွေလို စိမ်းလန်းနေမှာ ရှိရှိသမျှပန်းတွေလို အစွမ်းကုန်လှနေမှာ။ အာဏာရှင်တွေသာ...