Poem

Poem

ကဗျာကဏ္ဍ “တိုက်”

 

ပျိုးကြဲလက်

 

လာဟေ့ရောင်းရင်း ၊ သူငယ်ချင်းတို့

သတင်းဆိုးပြီ ၊ ကချင်ပြည်၌

ဇာနည်မျိုးရင်း ၊ တို့သွေးချင်းကို

လူဖျင်းလူနုပ် ၊ စစ်ခွေးအုပ်က

စက်ဆုပ်ဖွယ်ရာ ၊ ဗုံးကြဲကာဖြင့်

ယုတ်မာရက်စက် ၊ သတ်ဖြတ်ရက်ပြီ ။

 

ဟုတ်တယ်ရောင်းရင်း ၊ သူငယ်ချင်းရ

သွေးချင်းတို့ရွာ ၊ အနန့်ပါမှာ

သံသာသီခိုက် ၊ ဗုံးကြဲလိုက်၍

ထိခိုက်နာကျင် ၊ ပညာရှင်နှင့်

သဘင်ချစ်မြတ် ၊ ပရိသတ်တို့

တီးမှုတ်ပွဲရပ် ၊ အပူထပ်၍

လူ့ရပ်လူ့ရွာ ၊ စွန့်ရရှာပြီ ။

 

ဒဏ်ရာပြင်းထန် ၊ ရှင်လျက်ကျန်၍

အမြန်ကုသ ၊ ကယ်ဆယ်ရမည့်

အရေးကြီးရာ ၊ သည်သူနာကို

ယုတ်မာစွာပါ့ ၊ လမ်းပိတ်ကြ၍

ကုသချိန်လွန် ၊ သွေးထွက်လွန်ပြီ

ကွယ်လွန်ပြန်ပေါ့ ၊ နာကျင်ပေါ့ ။

 

ညီစေရောင်းရင်း ၊ သူငယ်ချင်းတို့

စစ်ခင်းကြကုန် ၊ အောင်စိတ်ပုံ၍

မထုံတက်သေး ၊ သည်စစ်ခွေးကို

မပေးမယူ ၊ ဘုံရန်သူဟု

တစ်မူမကွဲ ၊ တစ်သားတည်းဖြင့်

လက်သည်းဆိတ်ရာ ၊ လက်ထိပ်နာဟေ့

တိုက်မှာတိုက်ကြ ၊ ချေမှုန်းကြဟေ့ ။  ။

 

ပျိုးကြဲလက်

 

ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ နံနက်အစောပိုင်း ၁ နာရီ ၃၈ မိနစ်

 

Photo – ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီအချိန်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ အနန့် ပါ ကျေးရွာတွင်ကျင်းပသည့် KIO တည်ထောင်ခြင်း ၆၂ နှစ်မြောက် ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ်  အ ကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “အမေအိုနဲ့သပြေညို”   ပျိုးကြဲလက်   မွေးနေ့တော် အခါကျ သဟာရ တွေးပျော် မကြာပါ့ အရေးတော်ရယ် ဆတွေးသော် အောင်မြဲ ။   ချစ်လွန်းလို့ နေရာစုံတယ် ပြေရွာကုန် ဆုတောင်းမယ့်ပွဲ ။   ဘိုးဘွားဘဝ ရှစ်ဆယ်မှာ ပစ်ပယ်ကာ ထောင်ထဲ...