PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူကို PNO ပြည်သူ့စစ်က ဆွေးနွေး တိုင်ပင်စရာရှိသည်ဟုဆိုကာ လိမ်ညာခေါ်ယူပြီး ဖမ်းဆီးသတ်ဖြတ်

 

D Day News

မေလ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညီဖြစ်သူတို့ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသည်ဟု ဆိုကာ လိမ်ညာခေါ်ယူပြီး ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၀ ရက် နံနက်ပိုင်း စစ်ဘေးရှောင်နေသည့် ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်နှင့် ညီဖြစ်သူ ဝေးပလွန်တို့ကို အကြမ်းဖက်စ်စတပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဆွေးနွေးတိုင်ပင်စရာရှိသဖြင့် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်ချိန် ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၏ သတ်ဖြတ်ခြင်းခံရသူ နောင်ရင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဝေးဇာခွန်သည် ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများ ကို လည်း ကူညီစောင့်ရှောက်ပေးနေသူဖြစ်ကြောင်း၊ ဒေသနေပြည်သူလူထုအတွက် အားကိုးပြုရသူတစ် ဦးဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...