PNLA News

PNLA News

ဆီဆိုင်မြို့နယ်တွင် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ကျေးရွာ ၂ ရွာမှ ပြည်သူများကို ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားပြီး တောင်ယာ၊ တောတောင်အတွင်း တွေ့ရှိပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်

 

D Day News

မေလ ၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ် တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ကျေးရွာ ၂ ရွာမှ ပြည်သူများကို ထွက်ခွင့်မပေးပဲ ပိတ် ဆို့ ထားပြီး တောင်ယာ၊ တောတောင်များအတွင်း တွေ့ရှိပါက ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ထားကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ် ထမ်းယံ ကျေးရွာနှင့် ပန်အွန်းကျေးရွာမှ ပြည်သူများကို တောင်ယာကိုလည်း ပေးမသွားသည့်အပြင် ရွာပြင်ကို လည်း ထွက်ခွင့်မပေးပဲ ပိတ်ပင်တားဆီးထားကြောင်း၊ တောင်ယာအတွင်းတွင် လည်းကောင်း ကျေး ရွာအပြင်ဘက် တောတောင်အတွင်းတွင် လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ်သတ် မှတ်ပြီး ပစ်ခတ်သတ်ဖြတ်မည်ဟု ခြိမ်းခြောက်တားမြစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

“သူတို့က အိမ်ပေါ်တက်အိပ်တာလည်း ဖိနပ်မချွတ်ဘူး ထမင်းဟင်းလည်း နေ့တိုင်းချက်ပေးရတယ်။ အပြောအဆိုလည်း တအားရိုင်းတယ်။ ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားလို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ရွာကနေ မြို့ကို ဆင်းတဲ့လမ်းမှာလည်း သူတို့ဂိတ်တွေက ပြည်သူတွေကို စစ်ဆေးတာ တအားရိုင်းပြီး ဖုန်းတွေသိမ်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။” လို့ ပြည်သူတဦးကပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...