သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခ့ ခရိုနီးနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပြာကျထားပြီဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ဩဂုတ်လ ၉ ရက်နေ့မှစတင်၍ ဆီဆိုင်မြို့နယ် ၊ နောင်ဗိုကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO ပြည်သူ့စစ်က ပြည်သူလူထုနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၂၀ ကျော်မီးလောင်ပြာကျထားပြီး ဆက်လက်မီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။
“နောင်ဗိုကျေးရွာကို ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က မီးရှို့တာက ၉ ရက်နေ့ကစပြီး တော့ မနေ့ကအထိ ရှို့နေဆဲဖြစ်တယ်။ အဲဒီမှတ်တမ်းဗွီဒီယိုကတော့ ကျနော်တို့ ဒရုန်းနဲ့ရိုက်ယူနိုင်ခဲ့ တာ ၃ ရက်ရှိပြီ။ နောင်ဗိုကျေးရွာမှာ မီးရှို့ခံရတဲ့နေအိမ်က ကျနော်တို့ရိုက်ယူနိုင်ခဲ့တဲ့မှတ်တမ်းအရ ဆိုရင် နေအိမ် ၂၀ ထက်မနည်းတော့ဘူး။ အတိအကျကတော့ တွက်ချက်လို့ မရသေးဘူး။ အဲဒီမှာ မီး ရှို့ခံရတဲ့နေအိမ်တွေက ပြည်သူလူထုရဲ့နေအိမ်တွေပါပဲ။ စစ်ဘေးပြည်သူတွေရဲ့ နေအိမ်တွေဖြစ်ပါ တယ်။ ပြည်သူတွေက ပြန်လို့မရသေးဘူး။ ပြန်လို့မရသေးဘူးဆိုတာက သူတို့ကမောင်းထုတ်ထား လို့။ သူတို့က အရင်က စာပို့ပြီးတော့ မောင်းထုတ်ထားတဲ့ရွာဖြစ်ပါတယ်။ ပြည်သူတွေကို ရွာထဲက နေမောင်းထုတ်တယ်။ သူတို့က စစ်ကြောင်းထိုးတယ်။ ပြည်သူတွေကို မောင်းထုတ်ပြီးတော့ ရွာထဲကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေတာဖြစ်ပါတယ်” PNLA သတင်းနှင့်ပြန်ကြားရေး တာဝန် ရှိသူ ခွန်းရိမ်းယံက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်က နောင် ဗိုကျေးရွာရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုအား PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်း ဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်နှင့်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်များက နောင်ဗိုကျေးရွာ၊ နောင်ထော်ကျေးရွာနှင့် တပူးထိုကျေးရွာ ကို ယနေ့အထိမီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။
“PNO ပြည်သူ့စစ်အနေနဲ့က ပအိုဝ်းလူမျိုးကို ကိုယ်စားမပြုဖူးဆိုပေမယ့် အဲဒီအထဲမှာရှိနေတာက ပအိုဝ်းလူမျိုးကအများဆုံးပါ။ ဒါကြောင့်မို့ ပအိုဝ်းလူမျိုးတွေအနေနဲ့ သေချာစဉ်းစားဖို့လိုပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ရွာကို ခရိုနီနေဝင်းထွန်းရဲ့ အကျိုး၊ စစ်ကော်မရှင်ရဲ့အကျိုး ၊အာဏာ ရှင်ရဲ့ အကျိုးအတွက် ပြန်ပြီး မီးရှို့နေရတယ်။ ပြန်ပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေရတယ်ဆိုတာက ဘယ်လိုမျိုးစိတ်ဓာတ်နဲ့ လုပ်ရက်ကြသလဲ ဆိုတာ ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြဖို့ လိုပါတယ်။ အဖွဲ့ အစည်းဆိုတာက ပြည်သူလူထုနဲ့ ကင်းကွာလို့မရပါဘူး။ ဒါကိုမှ ပြည်သူလူထုကို ရန်သူလို သတ်မှတ် ပြီးတော့ တိုက်ခိုက်နေတဲ့ လုပ်ရပ်က တော်တော်လေးကို အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ် တယ်ဆို တာ သေချာစဉ်းစားကြပါ၊ ဦးနှောက်သုံးကြပါလို့ ပြောချင်ပါတယ်။” PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိမ်းယံက ပြောဆိုသည်။
Thanlwin Myanmar Media