PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာ အတွင်းဝင်ရောက်တပ်စွဲထားသည့် PNO ပြည်သူ့စစ်များက ပြည့်နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇွန်လ ၁၂ ရက်ညပိုင်းက ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ၊ တပူးထိုကျေးရွာတွင် တပ်စွဲ နေသည့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ကျေးရွာတစ်ရွာလုံးရှိ ပြည်သူလူထုနေအိမ် အားလုံးမီးလောင်ပြာကျစေရန်ရည်ရွယ်၍ စတင် မီးရှို့ခဲ့ရာ ဇွန်လ ၁၃ ရက် ညပိုင်း အထိ စုစုပေါင်း နေအိမ် ၆ လုံး မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း၊ PNO ပြည်သူ့စစ်များသည် ယင်းကျေးရွာတွင် ၄ လ ကျော် ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ဇွန်လ ၇ ရက်နေ့က ကျေးရွာနေပြည်သူများကို မောင်း ထုတ်ခဲ့ကြောင်း သိရသည်။

“ရွာသားတွေကို မောင်းထုပြီး မကြာဘူး။ သူတို့က မီးရှို့လိုက်တာ၊ မီးရှို့လိုက်ပေမယ့် ကံကောင်းတာ က ဒီညမီးရှို့ပြီး နောက်ရက်လည်းမိုးရွာတော့ ၊ ပြီးတော့ အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ကပ် နေတာမဟုတ်တော့ သက်သာသွားတာ၊ မဟုတ်ရင်ရွာလုံးကျွတ် ပြာကျသွားနိုင်တယ်။ ၆ အိမ်တော့ မီးလောင်ပြာကျသွားတယ်။ တပူးထိုရွာဆိုတာက PNO ပြည်သူ့စစ်တွေဝင်ရောက်တပ်စွဲထားတဲ့ နေ ရာ ဖြစ်တယ်။ အဲဒါကို ရွာသူ ရွာသားတွေကို မောင်းထုတ်ပြီးတော့ ရွာကို မီးရှို့တယ်ဆိုတာက ပြော စရာစကားမရှိလောက်အောင် အောက်တန်းကျတဲ့ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေတာပေါ့၊ သူတို့ဒီလိုမျိုး လုပ်ရက်တယ် ဆိုတာကလည်း အံဩစရာတော့မဟုတ်ဘူး။ စစ်ကောင်စီလက်အောက် ခံ ရဲ့လက်အောက်ခံဖြစ်တဲ့ အတွက်ကြောင့် စစ်ကောင်စီရဲ့အကျင့်စရိုက်အတိုင်းလုပ်တယ်လို့ပဲ ပြော ရမှာပေါ့။” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက် သွားရန် စာပို့အကြောင်းကြားကာ မောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီ ဆိုင် မြို့နယ် နောင်ကျော ကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင် စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော် ၆ ရွာ နှင့် ကလားလမ်ရွာတို့ ဖြစ်ကြောင်း သိရ သည်။

 

“ပြည်သူလူထုကတော့ အခုချိန်မှာတောင်ယာလုပ်ရမယ့်အချိန်၊ စိုက်ရ၊ ပျိုးရမယ့်အချိန်ဖြစ်နေပြီ၊ အ ခုက မစိုက်ရမပျိုးရတဲ့အပြင် မိုးရာသီကြီးမှာ ရွာထဲကနေမောင်းထုတ်ခံရတယ်ဆိုတော့ တစ်ချို့ပြည် သူလူထုက တောထဲမှာ ပြောင်းရွှေ့နေရတာမျိုးလည်းရှိတယ်။ တောထဲပြောင်းရွှေ့နေလို့ အန္တရာယ် ကင်းလားဆိုတော့ မကင်းပါဘူး။ နေရေး၊ ထိုင်ရေးကအစ အစစအရာရာ ခက်ခဲနေတာပါ။ ပအိုဝ်း ဒေသမှာ ပြည်သူလူတွေ ဒီလိုမျိုးမောင်းထုတ်ခံရတယ်၊ လူဦးရေ ၆၀၀၀ ပေါ့၊ ကျေးရွာထဲကနေ မောင်းထုတ်ခံရတယ်၊ အခက်အခဲတွေ့နေရတယ်။ ဒီလိုမျိုးအချိန်မှာ ပြည်သူလူထုအတွက် ကျနော် တို့အဖွဲ့ကလည်း နိုင်သလောက်တော့ ကူညတာပေါ့၊ ဒါပေမယ့် ကျနော်တို့လည်း ဘယ်လောက်မှ နိုင်ဘူး။ အခက်အခဲတွေတော့အများကြီးပဲ၊ စားရေး၊ သောက်ရေး၊ နေရေးထိုင်ရေးကအစ အခက်အခဲ တွေအများကြီးရှိပါတယ်။ ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ကျနော်တို့ ပအိုဝ်း ပြည်သူလူထုကို တတ်နိုင်သမျှကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်၊တိုက်တွန်းချင်တယ်၊ တောင်း ဆိုချင်ပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၄ ဦးကို သတ်ဖြတ်ကာ နေအိမ်...