PNLA News

PNLA News

စစ်ကောင်စီက အပစ်အခတ်ရပ်သည်ဟု ကြေညာထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ PNLA ဌာနချုပ်ရှိ ရာသို့ ဦးတည်၍ လက်နက်ကြီးဖြင့် တိုက်ခိုက်နေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြေညာထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ PNLA ဌာနချုပ်ရှိရာဘက်ကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇွန်လ ၁ ရက်နေ့က ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသတွင်းသို့လည်းကောင်း၊ ဇွန်လ ၂ ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ PNLO ဌာနချုပ်ကို ဦးတည်၍ ဗန်းမတ်ဒေသအတွင်းသို့ လည်း ကောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသ်ည။

“မနေ့ကလည်း ကျနော်တို့ဌာနချုပ်ဘက်ကို ဦးတည်ပြီးတော့မှ လက်နက်ကြီးတွေပစ်လာတာ ၁၀ ကြိမ်ထက်မနည်းဘူးပေါ့၊ သူ့တို့ ပါးစပ်ကတော့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးတယ်လို့ ကြေ ညာတာပေါ့၊ ဒါပေမယ့် လက်တွေ့မြေပြင်မှာက တိုက်ပွဲဖြစ်ပွားမှု၊ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပဲနဲ့ တ ဖက်သတ်ကြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပေါ့၊ ဒါက အပြောနဲ့အလုပ်မညီဘူးလို့ ပြောရမှာ ပေါ့” ဟု PNLA သတင်းနှင့်ပြန်ကြားရေးတာဝန် ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

စစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေအထိ အပစ်ခတ်ရပ်စဲရေးကာလ တစ်လ သက်တမ်း တိုးထားကြောင်း ထုတ်ပြန်ကြေညာသော်လည်း ၎င်းတို့၏ အောက်ခြေ တိုင်း၊ ဗျူဟာများနှင့်အပေါင်း ပါ လက်အောက်ခံ PNO ပြည်သူ့စစ်မှ လိုက်နာဆောင်ရွက်ခြင်းမရှိတော့ပဲ ပစ်ခတ် တိုက်ခိုက် နေ ခြင်းဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

ကုလသမဂ္ဂအဆောက်အအုံပြင်ပရှိ Broken Chair အောက်၌ စစ်ကောင်စီကို ILO ဥပဒေဖြင့် အရေး ယူပေးရန် နိုင်ငံတကာအလုပ်သမားကိုယ်စားလှယ်များက ဆန္ဒထုတ်ဖော်   သံလွင်မြန်မာသတင်း ဇွန်လ ၅   အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် အဆောက်အအုံပြင်ပရှိ Broken Chair အောက်တွင် အကြမ်းဖက် စစ်ကောင်စီကို...