PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၀ တန်းကျောင်းသူ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

 

D Day News

ဧပြီလ ၉

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ တန်းကျောင်းသူ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြ ကျေးရွာ နှင့် လွယ်ပွတ်ကျေးရွာတို့အတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ လက်အောက်ခံ ပြည်သူ့ စစ်များက တွေပူးကျေးရွာအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တွေးပူကျေးရွာနေ ၁၀ တန်းကျောင်းသူဖြစ်သည့် နန်းစိန်မြမှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ၎င်း၏ သူငယ်ချင်း ကျောင်းသူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ပုလောမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ တနင်္သာရီတိုင်း၊ ပုလော(လယ်မူလား)မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ် သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက်နေ့က လယ်မူလား (ပုလော)မြို့နယ်အတွင်း၌ အကြမ်းဖက်တပ် ခလရ-၁၀၁ တပ်ရင်းမှ...