PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၂ လုံးမီးလောင် ပျက် စီး၊ နေ့စဉ်နေ့တိုင်း ဗုံးကျဲနေမှုကြောင့် ပြည်သူများနေထိုင်ရဲခြင်းမရှိပဲ ထွက်ပြေးနေရ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်က ဆီဆိုင်မြို့နယ်၊ လွယ်ထွိုက်ကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများက ထီစုံကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ၂ ကြိမ်ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၂ လုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ယင်းမီးလောင်မှုကို PNLA တပ်ဖွဲ့ဝင်များက စွန့် စွန့်စားစားသွားရောက်ကာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“လွယ်ထွိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့လာပြီး ထီစုံကျေးရွာထဲကို ကျဲ တာ။ သူတို့က နေ့တိုင်းလိုလို ဒရုန်းတွေနဲ့ ဗုံးကျဲတော့ ရွာသူ ရွာသားတွေလည်း ရွာထဲမှာ မနေရဲကြ တော့ဘူး။ အဲဒီရွာက အိမ်ခြေ ၂၀၀ ကျော်တောင်ရှိတယ်၊ ၂၄ အိမ်က စစ်ကောင်စီက မီးလောင်ဗုံး‌ တွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ ပျက်စီးသွားပြီ။ မနေ့ကဖြစ်စဉ်မှာတော့ ပြည်သူ လူထုထိခိုက်တာမရှိပါဘူး။ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကျဲလို့ အိမ်ကိုမီးလောင်သွားတာ။ အဲဒါနဲ့ ကျ နော်တို့လည်း သတင်းရပြီးနောက်ပိုင်း တခြားအိမ်တွေကို မီးထပ်ပြီး ကူးစက်တာမျိုးမဖြစ်အောင် ကျနော်တို့တပ်ဖွဲ့ကပဲ စွန့်စွန့်စားစား သွားပြီးတော့မှ မီးငြိမ်းသတ်ခဲ့တာ” ဟု ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ထီစုံကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိ ပြီး အကြမ်းဖက်စစ်တပ်က နေ့စဉ်နေ့တိုင်း ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ် ၂၄ လုံးလည်း ထိခိုက်မီးလောင်ပျက်စီးဆုံးရှုံးထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

တောင်ငူမြို့နယ်တွင် စစ်ကောင်စီဂိတ်စခန်းကို ဖြတ်သန်းမောင်းနှင်လာသော ကယန်းပြည်သစ် ပါတီအမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား တစ်စီးကို ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကရင်ချောင်းတံတား၊ ကွန်ကရစ်လမ်းပေါ်တွင် စစ်ကောင်စီ ဂိတ်ကို ဖြတ်သန်းမောင်းနှင်လာသည့် ကယန်းပြည်သစ်ပါတီ အမှတ်တံဆိပ်၊ အလံပါ ကုန်တင်ကား...