PNLA News

PNLA News

မောက်မယ်မြို့နယ်ရှိ PNLA ဌာနချုပ်ရုံးကိုလည်း စစ်ကောာင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ဆေးခန်းတစ်ခု ပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဗန်းမက်ရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ် မတော် -PNLA ဌာနချုပ်ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းတစ်ခုပျက်စီးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံ သိရ သည်။

 

ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁ နာရီအချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ် ကောင်စီ က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေ ယာဉ် ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ရာ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်၊ ဒီမနက် ၁၁ နာရီအချိန်မှာပေါ့နော်၊ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူး။ အကြောင်း အရင်းမရှိပဲနဲ့ စစ်ကောင်စီက ကျနော်တို့ ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ် ပေါ့၊ ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့တာ၊ အဲဒီမှာ ဌာနချုပ်အဝန်းအဝိုင်းမှာရှိတဲ့ အများပြည်သူကို ဝန် ဆောင်မှုပေးနေတဲ့ ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးသွားပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ထိန်းချုပ်နယ်မြေအတွင်း အခြေပြုနေထိုင် နေသည်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းအရင်းမရှိ စစ်ကောင်စီက တမင်သက်သက် အကြမ်း ဖက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...