PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ ပွန်းချောင်းတံတားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲပြီး လက်အောက်ခံပြည်သူ့ စစ်တွေနဲ့ ပူးပေါင်းကာ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲပြင်းထန်နေ

 

D Day News

နိုဝင်ဘာလ ၂၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပွန်ချောင်းတံတားကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲပြီး လက်အောက်ခံ PNO ပြည်သူ့စစ်တပ်နဲ့ပူးပေါင်းကာ စစ်ကြောင်းထိုးနေလို့ ပွန်ချောင်း တံတားအနီး မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံကနေ သိရပါတယ်။

 

ဒီနေ့ နိုဝင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်းရှိ အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို လေယာဉ်ဖြင့် ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီလို ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်အတူ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက PNLO နယ်မြေထဲကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့ ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနကပြောပါတယ်။

“အခုမြေပြင်အခြေအနေအသေးစိတ်ကို အသိရသေးဘူး။ ဒီနေ့မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီက အဲဒီအများပြည်သူ အသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို ဗုံး ၃ လုံးကျဲချသွားပါတယ်၊ ပြီးတော့ ပွန် ချောင်းတံတားဘေးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဓိကတော့ ကျနော်တို့ ရှိနေတဲ့ နေရာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်လာ လို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်” လို့ PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

 

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲကို ဆက်လက် ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်နေတယ်လို့ PNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...