PNLA News

PNLA News

ဆီဆိုင်မြို့တွင်းသို့ ဝင်ရောက်လာသော စစ်တပ်က လူသားဒိုင်းများကို ပအိုဝ်းဝတ်စုံဝတ်ဆင်စေကာ ဓာတ်ပုံရိုက်ပြီး သတင်းမှားများဖြန့်ဝေလျက်ရှိဟု PNLA ထုတ်ပြန်

 

D Day News

မတ်လ ၃၀

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်းသို့ စစ်ကြောင်းထိုးလာ သောအကြမ်းဖက်စစ်တပ်က ဖမ်းဆီးလာသော လူသားဒိုင်းများကို ပအိုဝ်းဝတ်စုံဝတ်ဆင်စေကာ ဓာတ်ပုံရိုက်ပြီး သတင်းမှာများ ဖြန့်ချိလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

 

ယမန်နေ့ မတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်သားများက ပြည်သူလူထုကို ဖမ်းဆီးပြီး လူသား ဒိုင်းအသုံးပြုကာ ဆီဆိုင်မြို့တွင်းသို့ ဝင်ရောက်လာသဖြင့် တော်လှန်ရေး အင်အားစုက တိုက်ခိုက်မှု မပြုလုပ်ပဲ ရှောင်တိမ်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများက လူသားဒိုင်း အသုံးပြုလာသူအချို့ကို ပအိုဝ်းဝတ်စုံဝတ်ဆင်စေကာ ဆီဆိုင်မြို့တွင်း နေရာအချို့၌ ဓာတ်ပုံရိုက်ယူ သွားကြောင်း သိရသည်။

 

လက်ရှိတွင် ဆီဆိုင်မြို့သို့ စစ်ပွဲဇုန်ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ဆီဆိုင် မြို့ကို ပစ်ခတ်ဖျက်ဆီးလျက်ရှိသဖြင့် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရ သည်။

 

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထု များအား မြို့တွင်းပြန်ဝင်နိုင်ပြီဟု သတင်းအမှားများဖြန့်နေလျက်ရှိရာ ယင်း သတင်းအမှား များကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်း အဖြစ် အသုံးပြုခြင်းကို ခခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် အထူးတိုက်တွန်းထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မင်းဘူးမြို့သို့ ရောက်ရှိနေသည်ဟု မြို့ကို ပိတ်ဆို့ထား

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေသည်ဟုဆိုကာ တစ်မြို့လုံး ကို ပိတ်ဆို့ထားခဲ့ကြောင်း ဒေသနေ ပြည်သူများထံက သိရသည်။ ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် မကွေးပညာရေးကောလိပ်သို့ လာရောက်ခြင်းဖြစ်ပြီး အလားတူ မင်းဘူးမြို့အထွက်ရှိ ကျေးရွာတစ်ရွာ၌ လည်း သစ်ပင်စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ သို့...