PNLA News

PNLA News

ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင် စစ်တပ်က လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ကျဲချမှု ကြောင့် နေအိမ်များပျက်စီးပြီး ပြည်သူများထွက်ပြေးနေရ

 

D Day News

မတ်လ ၂၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် အလုံး ၂၀ ကျော်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင် နေခဲ့ရပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့လည် ၂ နာရီခန့်က ပင်လောင်းမြို့နယ်၊ နမ့်တုတ်ကျေးရွာ အနီး၌ အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ မိဘပြည်သူများ၏ စည်းအိမ်ဥစ္စာများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

ကျောက်မဲမြို့ကို စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် ကျောက်မဲ PDF တောင်းပန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်အုပ်ထံ ပြန်ပေးလိုက်ရသည့်အတွက် မိဘပြည်သူများကို တောင်းပန်ပါကြောင်း ကျောက်မဲ PDF တပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့သူမြို့သား မိဘပြည်သူများကို ကျောက်မဲမြို့အား အကြမ်းဖက် စစ်အုပ်စုလက်ထဲသို့ ပြန်ပေးလိုက်ရသည့်အတွက် ဦးစွာ တောင်းပန်အပ်ပါကြောင်း၊...