Pinlaung News

Pinlaung News

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ကျိုင်းရွာဘုန်းကြီး ကျောင်း ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

 

D Day News

ဇွန်လ ၂၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်၊ လွယ်ကျိုင်းကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော် မူသွားသွားကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇွန်လ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ က ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု၊လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက် နက်ကြီးများ ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒ သက်တော် ၃၉ နှစ် ပျံလွန်တော်မူသွားပြီး ကျေးရွာနေ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူ အချို့မှာ လက်ရှိအချိန်ထိ ဆေးဝါးကုသမှု မရရှိသေးကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၉ ရက်နေ့က နမ့်ဖါမူကျေးရွာနေ ဦးဒေါင်းသည် လယ်ကွင်းသို့သွားနေစဉ် အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဖြင့် လက်နက်ကြီး ထိမှန်ဒဏ်ရာရာရခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု မိုးဦးကျေးရွာကိုလည်း အကြမ်းဖက် စစ် ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်ခဲ့ရာ မူလတန်းကျောင်းသား ဖိုးသောကြာနှင့် မူလတန်းကျောင်းသူ မအေး တို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများနှင့် PNO ပြည်သူ့စစ်များသည် လက်ရှိအချိန်အထိ မိုးဦးကျေးရွာအတွင်း တပ်စွဲထားပြီး ကျေးရွာနေ ပြည်သူများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...