Phyu News

Phyu News

ဖြူးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၁

 

ပဲခူးတိုင်း ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာနှင့် စက်ကုန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ ကြောင်း ဖြူးပကဖထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က ဖြူးမြို့နယ် လိပ်ပေါကျေးရွာနှင့် စက်ကုန်း ကျေးရွာကြားသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင် အားစုများက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်က အရာရှိ ၁ ဦးအပါဝင် ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/Kbgp1RSuuVA

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် လာရောက်သယ်ထုတ် သွားကြောင်း ၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းရေး ဆောင် ရွက်ရာ ကျည်အချို့နှင့်ကျောပိုးအိတ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ်(ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့၊ ဖြူးမြို့နယ်(ပ.က.ဖ) Droneအဖွဲ့၊ ဒေါင်းဖြူစစ်ကြောင်း Droneအဖွဲ့၊ အာဠာဝကစစ်ကြောင်းနှင့် တပ်မဟာ(၃)၊ ရင်း(၈) KNLA တော် လှန် ရေးအင်အားစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ် လိပ်ပေါကျေးရွာ ဘုန်းကြီးကျောင်း၌ ပြည်သူများ အား ဖမ်းဆီးခေါ်ဆောင်ထားပြီး ကတုတ်ကျင်းများတူးကာ စခန်းချနေထိုင်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင်တပ်စွဲထားသော စစ်တပ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်...