Phyu News

Phyu News

ဖြူးမြို့နယ်၊ ကွင်းဝိုင်းကျေးရွာမှ ကင်းပတ်ထွက်လာသော စစ်သားများကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၁

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက် ကွင်းဝိုင်းကျေးရွာမှ ကင်းပတ် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်က ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက် ကွင်းဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက်စစ်သားများသည် လင်းယောခင်ရွာဘက်သို့ ကင်း ပတ်ထွက်လာသဖြင့် မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိုင်းရှာစစ်သားတစ်ဦးအပါအဝင် ၅ ဦး သေဆုံး ပြီး ကျန်စစ်သား ၃ ဦးမှာ သွေးရူးသွေးတန်းဖြင့် ကွင်းဝိုင်းကျေးရွာဘက်သို့ ပြန်ပြေးသွားကြောင်း သိရသည်။

“ကွင်းဝိုင်းရွာကနေ အရှေ့ဘက် လင်းယောခင်ရွာဘက်ကို ကင်းပတ်ထွက်လာတဲ့သဘောပါ။ ကျနော် တို့ကလည်း မိုင်းသွားကာ တည့်တည့်တိုးတော မိုင်းဆွဲပြီးပစ်လိုက်တာ၊ သူတို့ဘက်က ပြန်ပစ်ချိန်မရ လိုက်ဘူး။ လေးငါးချက်လောက်ပဲ လန့်ပစ်ပစ်နိုင်တယ်။ သေတဲ့ စခတွေကို ဘေးတွဲ နဲ့လာတင်သွား တယ်။ လက်နက်မရလိုက်ဘူး။ ခမရ ၄၃၉ တပ်နဲ့နီးတော့ ပြောက်ကျား ပစ်ခွာ လောက်ပဲ လုပ်ခဲ့ရပါ တယ်” ဟု ဖြူးမြို့ နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသွား သောအကြမ်းဖက်စစ်သား ၃ ဦးဒဏ်ရာရရှိမှုအခြေအနေ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...