Pekhon News

Pekhon News

ဖယ်ခုံမြို့နယ်၊ အင်လာကွင်း၌ အကြမ်းဖက်စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

 

D Day News

ဧပြီလ ၂၇

 

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အင်လာကွင်းတောင်ယာထဲ၌ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ် တပ်က ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ထံမှ သိရသည်။

 

ဧပြီလ ၂၀ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများက အသက် ၃၄ နှစ်အရွယ် ဦးမာအို၊ အသက် ၃၃ နှစ်အရွယ် ဦးသန်းထွန်းနှင့် အသက် ၃၂ နှစ်အရွယ် ဒေါ်အားမူတို့ကို ဖမ်းဆီးပြီး အင်လာကွင်း တောင်ထဲ၌ ညှင်းပန်းနှိပ်စက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ဧပြီလ ၂၃ ရက်နေ့က အသက် ၃၇ နှစ်အရွယ် ဦးမျိုး။ အသက် ၄၂ နှစ်အရွယ် ဒေါ်ရှ တို့ကို ဖမ်းဆီးနှိပ်စက်ကာ ၎င်းတို့၏ ကလေးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ထုတ်ပြန်ချက်အရ သိရသည်။

 

အကြမ်းဖက်စစ်များက ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းကို Pekhon Health Community (PKHC)နှင့် ဖယ်ခုံ PDF 1002 တပ်ရင်း တို့မှ ကူညီကယ်ဆယ်ခဲ့ကြောင်း၊ ကျန်ရှိနေ သော မိသားစုဝင်များ၏ စိတ်ဒဏ်ရာ ပြန်လည် ကုစားမှုပေးရန် နှင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော်ထွက်ပြေးနေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်း ထိုးပြီး ပြည်သူ ၅ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၆ ရက်...