PDF News

PDF News

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF (၃) နှစ်ပြည့်အခမ်းအနားနှင့် သင်တန်း ဆင်းပွဲ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF (P29999/ အထူး တပ်ဖွဲ့) ၏ အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

 

ယင်းသင်တန်းဆင်းပွဲတွင် အလံတော်နှင့်ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေး ဝန် ကြီးဌာနမှ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင် လူကြီးများ၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

https://youtu.be/EbXwszcOVJM

ထိုနောက် တပ်ဖွဲမှုး ရဲဘော်အောင်စံရှားမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ရဲဘော်များ အား ဆုချီးမြှင့်ခဲ့ကြောင်း၊ ရဲဘော်များမှ စစ်ရေးပြလှည့်လည်အလေးပြုခဲ့ကြပြီး ဒုတိယပိုင်းတွင် စစ် ဆင် ရေးသရုပ်ပြမှုများဆောင်ရွက်ခဲ့ကြကာ သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ (၃) နှစ်ပြည့်အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

 

SOF တပ်ဖွဲသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ပြီး ပြည်သူ့ခုခံတွန်းလှန်စစ် စတင် သည့်အချိန်မှစ၍ မြိုပြနှင့် ကျေးလက်စစ်ဆင်ရေးများစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။

 

မင်းအောင်လှိင်၏ စစ်မှုမထမ်းမနေရ အကြမ်းဖက်စစ်သားစုဆောင်းခြင်းနှင့် အာဏာရှင်လက် အောက် စစ်မှုမထမ်းလိုသော လူငယ်လူရွယ်များ၊စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်လိုသော လူငယ်လူရွယ် များအား  တပ်ဖွဲမှ နွေးထွေးစွာ လက္ခံကြိုဆိုလျက်ရှိပါကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...