ရှမ်း/မြောက် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်းရိက္ခာလိုအပ်နေသဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မေတ္တာရပ်ခံ (ရုပ်သံ)

ရှမ်း/မြောက် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်းရိက္ခာလိုအပ်နေသဖြင့် ဝိုင်းဝန်း ကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့မေတ္တာရပ်ခံ (ရုပ်သံ)

သံလွင်မြန်မာသတင်း

အောက်တိုက်ဘာလ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်နေသည့် ရှေ့တန်းရဲဘော်များတွင် ခဲယမ်း၊ ရိက္ခာများ အရေး ပေါ်လိုအပ်နေသဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် ရေလှိုင်း က မေတ္တာရပ်ခံထားသည်။

ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အနေဖြင့် ၁၀၂၇ ပထမပိုင်း မြို့သိမ်းတိုက်ပွဲများတွင် ဒရုန်း တပ်ဖွဲ့အနေဖြင့် မဟာမိတ် EAOs များနှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ၁၀၂၇ ဒုတိယ ပိုင်းတွင် စခန်းသာ၊ နောင်ပိန်၊ နောင်ပြစ် ၊ ဂုတ်ထိပ်၊ ဂုတ်တွင်း ၊ တောင်ခမ်းစသည့် စခန်းသိမ်း တိုက် ပွဲများ၊ နောင်ချို ၊ကျောက်မဲစသည့် မြို့သိမ်း တိုက်ပွဲများတွင် မဟာမိတ် TNLA အဖွဲ့နှင့်အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျမတို့အဖွဲ့ဟာဆိုရင် လက်ရှိရှေ့တန်းစစ်မြေပြင်မှာလည်း ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ကျမ တို့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ရှေ့တန်းရဲဘော်တွေအနေနဲ့လည်း လက်နက်ခဲ ယမ်းနဲ့ ရိက္ခာတွေလိုအပ်ချက်ရှိပါတယ်။ ဒါ့ကြောင့်မို့လို လိုအပ်ချက်များကို အမာခံထောက်ပို့ပေး‌ နေ တဲ့ ထောက်ပို့ရဲဘော်ဖြစ်တဲ့ မရွှေဂျူးဆီမှာ ထောက်ပို့ကူညီပေးနိုင်သလို ကျမတို့ ကျောက်မဲခရိုင် အ ထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ Page Messenger မှာလည်း လာရောက်ထောက်ပို့ကူညီပေးနိုင် ကြောင်း သတင်းပါးအပ်ပါတယ်။” ဟု ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော် ရေလှိုင်းက ပြော ဆိုထားသည်။

ထောက်ပို့ပေးမည့် မိဘပြည်သူများအနေဖြင့် –

ထောက်ပို့တပ်သား မရွှေဂျူး၏

 

https://www.facebook.com/shwe.jue.224762

 

နှင့် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-

 

https://www.facebook.com/profile.php?id=61554142881884

 

Page Messenger တို့မှ တဆင့် ထောက်ပို့ကူညီနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် (ရုပ်သံ)

အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၀ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်း Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ထုတ်ပြန်သည်။ ပြီးခဲ့သည့် စက်တင်တင်ဘာလ ၂၂ ရက်...