သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း၌ ရင်ဆိုင်နေရသည့် စစ်မျက်နှာပြင်တွင် ခဲယမ်းအရေးပေါ် လိုအပ် လျက်ရှိကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့ နယ်၊ တောင်သာမြို့နယ်နှင့် မလှိုင်မြို့နယ်တွင် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ပြည် သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးငယ်များကို ဖမ်းဆီးကာ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်းတို့လုပ်ဆောင်လျက်ရှိသဖြင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“လတ်တလောဖြစ်ပွားနေတဲ့ မြင်းခြံ၊ နွားထိုး၊ တောင်သာ၊ မလှိုင်အဲဒီစစ်မျက်နှာပြင်မှာရှိတဲ့ တိုက်ပွဲ တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ ခဲယမ်း ကျည်တွေ ဖြည့်တင်းနိုင်ဖို့အတွက် မရွှေဂျူး ကနေ ကူ ညီ ထောက်ပံ့မှုတွေကြိုးစားပြီးတော့ ပြုလုပ် ပေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မိဘပြည်သူတွေ အနေ နဲ့ လက်ရှိစစ်မျက်နှာပြင်မှာ တိုက်ပွဲဖြစ်နေတဲ့ ကျားမဲလေးတွေဆီကို ခဲယမ်းကူညီထောက်ပံ့ပေးကြဖို့ ပြောရခြင်းဖြစ်ပါတယ်။” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြော ကြားသည်။
လက်ရှိစစ်မျက်နှာပြင်တွင် ခဲယမ်းအရေးပေါ်လိုအပ်ချက်ရှိပြီး မိဘပြည်သူများအနေဖြင့်-
https://www.facebook.com/shwe.jue.224762
Page Messenger မှ တဆင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးစေလိုကြောင်း၊ Myingyan Balck Tiger – MBT တပ်ဖွဲ့ အနေဖြင့်လည်း အကောင်းဆုံးကြိုးစားသွားမည်ဟု ကတိပြုပါကြောင်း အသိပေးထား သည်။
Thanlwin Myanmar Media