တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် လူထုမျက်နှာကို ငဲ့ကာ ကွဲပြားသောအမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ် တည်းတိုက်ပွဲဝင်ကြရမည့်ကာလရောက်ရှိနေပြီဟု PRA – Magway ပြော

တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် လူထုမျက်နှာကို ငဲ့ကာ ကွဲပြားသောအမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ် တည်းတိုက်ပွဲဝင်ကြရမည့်ကာလရောက်ရှိနေပြီဟု PRA – Magway ပြော

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၃

တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် လူထုမျက်နှာကို ငဲ့ကာ ကွဲပြားသောအမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ် တည်းတိုက်ပွဲဝင်ကြရမည့်ကာလရောက်ရှိနေပြီဖြစ်ကြောင်း PRA – Magway က ထုတ်ဖော်ပြော ကြားသည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အ ဖက်ဖက်မှ ရှုံးနိမ့် ပြိုလဲနေခဲ့သော်လည်း ရွေးကောက်ပွဲနည်းလမ်းဖြင့် နိုင်ငံရေးထွက်ပေါက်ရှာဖွေ ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးကို အသုံးချကာ နိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်း၊ အဓမ္မ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ စစ်အင်အားဖြည့်တင်းခြင်း စသည့်ကြိုတင်ပြင်ဆင်မှုများ ပြု လုပ်လာနေကြောင်း အသိပေးထားသည်။

ထို့သို့ ပြင်ဆင်မှုများလုပ်လာပြီးနောက် အကြမ်းဖက်စစ်တပ်သည် ယခုအခါနိုင်ငံအဝှမ်းစစ်မျက်နှာ များသို့ တပ်ဖြန့် ထိုးစစ်ဆင်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ တကျော့ပြန်အားကောင်းလာမှု တွင် ထိန်းချုပ် ဒေသအချို့ ပြန်လည်လက်လွှတ်ရမှုများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။

PRA-Magwayအနေဖြင့် စစ်ကောင်စီ၏ ထိုးစစ်ကို ကြံ့ကြံ့ခံခုခံလျက်ရှိပြီး စစ်နောက်ပိုင်းဒေသ များတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် အလျားလိုက်ပုံစံ ပိုမိုဖြစ် ထွန်းခဲ့သော်လည်း တော်လှန်ရေးကာလ (၅) နှစ်နီးပါးကြာမြင့်လာသည်အထိ တစ်ဖွဲ့ချင်းအား ကောင်းမှုလည်း အကန့်အသတ်ဖြစ်ခဲ့ကာ တပ်ပေါင်းစုသဏ္ဍန်စုစည်းမှုလည်း အားနည်းခဲ့ကြောင်း PRA – Magway က ထောက်ပြထားသည်။

ယနေ့အချိန်သည် တော်လှန်ရေးအင်အားစုအသီးသီး၏ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျ ကျင့်သုံးအကောင်အထည်ဖော်ရမည့် ကာလဟုယူဆပါကြောင်း၊ နွေဦးတော်လှန်ရေးကာလ (၅) နှစ်နီးပါး ကာလအတွင်း ဖိနှိပ်မှုပေါင်းစုံကို ခါးစည်းခံလာခဲ့ကြသည့် လူထုမျက်နှာကိုငဲ့ကာ မိမိတစ် သင်း တစ်ဖွဲ့အားကောင်းရေးထက် တော်လှန်ရေးတစ်စုံလုံးအားကောင်းရေးကို ဦးတည်နိုင်ရမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် ကွဲပြား သောအမိန့်ပေးကွပ်ကဲမှု၊ တပ်အင် အား ပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ် တည်း တိုက်ပွဲဝင်ကြရမည့်ကာလဟု ယုံကြည်ပါကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway က ထုတ်ပြန်ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတက်ရန် လပခ အတွင်းသို့ မင်းအောင်လှိုင်ရောက်ရှိနေစဉ် ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၄ မန္တလေးမြို့ တက္ကသိုလ် ရာပြည့်ပွဲတက်ရန် အလယ်ပိုင်းစစ်ဌာနချုပ် -လပခ အတွင်းသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေစဉ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar...