သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၁
မန္တလေးတိုင်း အခြေစိုက်၊ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ဖောင်းဒိုင်းအပါအဝင် ရဲဘော် ၃ ဦးဖမ်းဆီးခံထားရကြောင်း မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနှင့် နီးစပ်သူများထံမှ သိရ သည်။
စက်တင်ဘာလ ၁၈ ရက်နေ့က မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ဖောင်းဒိုင်း၊ တပ် ရေးဗိုလ်ကြီး တစ်ဦးနှင့် ရဲဘော်တစ်ဦးတို့သည် သင်တန်းတစ်သို့ သွားရောက်ပြီးပြန်လာစဉ် လမ်းမှား ၍ ကသာမြို့အနီး၌ စစ်ကောင်စီတပ်သားများ ထိပ်တိုးကာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာဖောင်းရယ်၊ ရဲဘော်က ၂ ဦး ၊ တစ်ဦးကတော့ တပ်ရေးဗိုလ်၊ ၃ ယောက်ဖြစ်သွားတာ၊ ဘယ်လို အနေအထားမျိုးလဲ၊ ဘယ်လိုပုံစံမျိုးပါသွားတာလဲတော့ အတိအကျမသိရသေးဘူး။ ဖုန်းတွေလည်း ပါ သွားတယ်၊ ဆရာဖောင်းနဲ့ မိတ်ဆွေတွေ၊ ပြည်သူတွေအနေနဲ့ မဆက်သွယ်ကြဖို့နဲ့ အချက်အလက် တွေရရှိထားတာရှိခဲ့ရင်လည်း ထိန်းသိမ်းထားပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
Photo – ဖမ်းဆီးခံရသော မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းမှူး ဗိုလ်ဖောင်းဒိုင်း
Thanlwin Myanmar Media